Sunday 13 November 2011

မင်းသိပါစေ



 နာရီသံတစ်ချက်ချက်နဲ့

ကုန်လွန်သွားတိုင်း

မင်းနဲ့ပြန်တွေ့ရမယ်ဆိုတဲ့အသိက

ရင်ခုန်သံတွေမြန်လာရင်း

မျှော်လင့်ချက်တွေတိုးလာခဲ့ပေါ့



အချိန်တွေသာတာဝန်ကျေရင်း

ကုန်လွန်ခဲ့ပေမဲ့

မင်းအရိပ်အယောင်မတွေ့ခဲ့လေတော့

မျှော်လင့်ချက်မဲ့သူ့ရင်ထဲ

ကြေကွဲမှုတွေရင်နဲ့အပြည့်မို့

ခံရခက်ခဲ့လေရဲ့။။



နာရီဆိုတာစက်ဝိုင်းပုံလည်ပတ်ခြင်းမို့

အချိန်တွေကကြီးရာကငယ်

ငယ်ရာကကြီးလို့သွားပေမဲ့

ရင်ထဲကအလွမ်းအဆွေးတွေက

ငယ်ရာကသာကြီးလာပြီး

ကြီးရာကပြန်မငယ်နိုင်တော့ပြီမို့ ။



လွမ်းရသူ့ရင်ထဲ

နှလုံးသားတစ်ခု


ကွဲကြေခဲ့ရပြီမို့

မင်းသိပါလေစ..............ချစ်သူ

2 comments:

ဘိုဖြူ said...

ကွဲကြေခဲ့ရတဲ့
နှလုံးသားတစ်ခုအကြောင်းလေးဖတ်ခဲ့ပါပြီဗျာ

စံပယ်ချို said...

ကြေကွဲမှုတွေရင်နဲ့အပြည်
ဖြစ်နေတာလားညီမရေ