အမေ.....နက်ဖြန်ဆို၁၃.၁၁.၂၀၁၁..
လွန်ခဲ့တဲ့၂နှစ်.၂၀၀၉ခုနှစ်ရဲ့. နိုဝင်ဘာလ၁၂ရက်နေ့လေးဒီနေ့ပေါ့ အမေနဲ့စကားတွေပြောခဲ့ကြတာတွေကို ပြန်သတိရနေမိတယ် ။
၂၀၀၉ရဲ့မေမှာကျွန်မရဲ့၃လသာ program ကနေပြန်လာတယ်.အမေအရမ်းဝမ်းသာေ နတယ်.၃လလောက်ခွဲပြီးပြန်တွေ့ရတဲ့အမေ့ရဲ့ပျော်ရွှင်မှုကသမီးရဲ့ ရင်ကိုကူးစက်သွားစေခဲ့တယ်လေ..အေ မကပြောတယ်
သမီးမရှိတဲ့၃လမှာအမေလွမ်းလိုက် တာတဲ့...အမေအဲလိုပြောတော့သမီး လည်းလွမ်းတယ်လို့ချက်ခြင်းပြန်ေ ဖြမိလိုက်တယ်..အမှန်တော့တစ်ဝက်ေ လာက်ကညာလိုက်တာပါ..ချင်းမိုင်မှာ၃လနေတဲ့ချိန်တွေမှာ
အမေ့ကိုတစ်ခါတစ်လေမေ့နေမိတယ်.. ကိုယ့်ရဲ့စာသင်ချိန်တွေခရီးတွေ ထွက်နေရင်းနဲ့အမေ့ကိုမေ့နေတဲ့ခါ တွေလည်းရှိခဲ့တယ်လေ..အမေကတော့အဲ ဒါကိုမသိရှာဘူးသမီးလည်းသတိရတယ်ေ ပြာတော့အကျေနပ်ကြိးကျေနပ်နေတဲ့ အမေ့ရဲ့မျက်နှာကိုကြည့်ရင်းစိတ် မကောင်းဖြစ်မိခဲ့သေးတယ်...ဇွန် ဆိုတဲ့အချိန်ရောက်လာတော့ကျောင်း ဆရာမတစ်ယောက်ကျောင်းအလုပ်တွေနဲ့ရှုတ်နေရင်အမေ့ကိုဂရုမစိုက်ဘဲေ နမိပြန်တယ်..အမေနေကောင်းနေတယ်ဆိုတဲ့အသိနဲ့ပျော်ပျော်လေးဘဲကိုယ့် အလုပ်တွေကြားမှာနေခဲ့မိတယ်.. တစ်ခါတစ်လေအလုပ်ကစောပြန်လာတဲ့ညေ တွမှာစားသောက်ပြီးတစ်နေ့တာတွြေ့ ကုံရတဲ့အကြောင်းအရာတွေအမေ့ကိြုေ ပာပြရင်းနဲ့ရီစရာပါရင်လည်းအမေ့ ရဲ့ရီသံကတစ်အိမ်လုံးကိုလွမ်အောင်ကြားနေရတယ်..သားအမိနှစ်ေ ယာက်တည်းနေပေမဲ့ရီသံတွေအမြဲဖုံး လွမ်းနေတတ်တယ်..အမေနောက်ပိုင်း မျာစကားသိပ်မပြောတော့ဘူးငေးေ နတတ်တယ်..သမီးကိုအမေစိတ်ပူတယ် လည်းခဏခဏပြောလာတတ်တယ်..အမေရှိေ နတာဘဲဘာပူလည်းဆိုတော့မအမေသမီးနဲ့ တစ်သက်လုံးအတူမနေနိုင်ဘူးလေလိုေ့ပြာလာတိုင်းစိတ်ထဲမှာတစ်မျိုး ခံစားမိတယ်...သမီးရေလောကကြီးမှာ အသက်ရှင်တဲ့ချိန်တွေမှာသူတစ်ပါး ကိုဘဲတစ်ချိန်လုံးအားကိုးပြီးမှ အရာရာပြီးမြောက်တတ်တဲ့လူမဖြစ်ေ စနဲ့..ကိုယ့်အရေးထက်သူများရဲ့အေ ရးကိုဦးစားပေးတတ်တဲ့လူဖြစ်ပါေ စသမီး.ကိုယ်အသက်ရှင်တဲ့နေ့ရင်တိုင်းမှာသူများတွေအတွက်ကောင်းကျိုးဘယ်လောက်လုပ်ပေးပြီလည်းဆိုတာ စဉ်းစားပါ...ဘုရားကိုလည်းမမေ့နဲ့ ..စားစရာမရှိရင်တောင်သူများကို မျက်ရည်ကျအောင်လုပ်ပြီးရတဲ့ထမင်းမစားနဲ့..အမေတစ်ချိန်လုံးတတွတ် တွတ်နဲ့ပြောနေတတ်တယ်..ငယ်ကတည်း ကကိုယ့်အ
ားကိုယ်ကိုးတတ်အောင်သင်ပေးခဲ့တဲ့ အမေ...သူများတွေနဲ့ရန်ဖြစ်လာတိုင်း.မင်းအမှားကြောင့်ဖြစ်ရတာဆိုပြီးဒါဏ်ပေးတတ်လို့ဒီအရွယ်ထိ ရန်ဖြစ်ရမှာကြောက်ခဲ့တယ်..ဆုံြး ဖတ်ချက်တစ်ခုချတော့မယ်ဆိုတိုင်း လည်း.မှန်ကန်တဲ့ဆုံးဖြတ်ချက်ချ မိရင်တော့ပျော်ပါလိမ့်မယ်..မှား ယွင်းတဲ့ဆုံးဖြတ်ချက်ချမိရင်လည်းခံယူတတ်ဘို့လေ့ကျင့်ထားတဲ့..လူ ဆိုတာသာတဲ့အခါစံတတ်သလိုနာတဲ့အခါ လည်းခံတတ်ရမယ်တဲ့လောကကြီးကသမီး အတွက်အချိန်တိုင်းအကောင်းတော့ မဖန်ဆင်းပေးဘူးဆိုတာမှတ်ထားနော် တဲ့.ကျေးဇူးတင်ပါတယ်အမေ...သြဂု တ်လရောက်လာတဲ့အချိန်တော့အမေဗို က်နာတယ်ခဏခဏပြောလာပြီလေ....အိမ် ကနေဘဲဆေးခန်းသွားသွားပြနေရာ ကအစာအိမ်အနာပေါက်တာစိတ်မချရဘူး ဆိုပြီးဆေးရုံရောက်သွားခဲ့တယ်.. အစ်ကိုတွေယောင်းမတွေနဲ့တစ်လှည့် စီဆေးရုံပေါ်မှာစောင့်ပေးရင်းအေ မနေကောင်းလာမဲ့အချိန်ကိုဘဲစောင့် နေမိတယ်..အမေနေကောင်းလာတော့ပျော်မိတယ်...ဒါပေမဲ့ကျွန်မရဲ့ပျော်ရွှင်မှုကတာရှည်မခံခဲ့ပါဘူး..နို ၀င်ဘာလ၁၃ရက်နေ့မှာဘဲအမေကကျွန် မတို့မောင်နှမတွေကိုခွဲသွားခဲ့ တယ်လေ..၂နှစ်တောင်ပြည့်ခဲ့ပြီအေ မ..ဘယ်လိုမှလည်းမေ့လို့မရနိုင် ခဲ့ဘူးအမေရယ်..လောကကြီးမှာတစ်ေ ယာက်တည်းရုန်းကန်ရင်း....အမြေေ ပာခဲ့တဲ့.ဆုံးမခဲ့တဲ့စကားတွေကို နားထဲမှာထည့် ရင်ထဲမှာ မှတ်သားထားရင်း အေ မမရှိပေမဲ့ရှိသလိုစိတ်မှာထားရင်း.. အမေဖြစ်စေချင်တဲ့အတိုင်းသူတပါး ရဲ့အကျိုးကိုပိုဦးစားပေးတတ်တဲ့ အမေ့ရဲ့သမီးလောကကြီးမှာဆက်လျှော က်ရင်း..အမေ့ကိုလွမ်းနေလျှက်ပါ ။
5 comments:
အမေ အကြောင်းတွေက ဘယ်တော့ ဖတ်ဖတ်မရိုးပါဘူး..အားပေးသွားဒယ်...
ကထွဋ်
အားပေးသွားပါတယ်ခင်ဗျာ။
ခင်မင်စွာဖြင့်
AH
အားပေးသွားပါတယ်
အမေ့ဆုံးမမှု ၊ အားပေးမှုတွေအောက်မှာ လူ့လောကထဲ တိုးဝင်တဲ့ အားတွေ ကြီးလာခဲ့သလိုပဲနော်။ အမေ့ကို ချစ်တဲ့ အချစ်တွေကို စာထဲမှာတွေ့လိုက်သလို ၊ အလွမ်းတွေလည်း ထင်ရှားနေတာတွေ့တယ်။
I visited here. I am also sorry. My beloved mother also passed away 7 years ago. However, I never forget.
Post a Comment