နာရီသံတစ်ချက်ချက်နဲ့
ကုန်လွန်သွားတိုင်း
မင်းနဲ့ပြန်တွေ့ရမယ်ဆိုတဲ့အသိက
ရင်ခုန်သံတွေမြန်လာရင်း
မျှော်လင့်ချက်တွေတိုးလာခဲ့ပေါ့
အချိန်တွေသာတာဝန်ကျေရင်း
ကုန်လွန်ခဲ့ပေမဲ့
မင်းအရိပ်အယောင်မတွေ့ခဲ့လေတော့
မျှော်လင့်ချက်မဲ့သူ့ရင်ထဲ
ကြေကွဲမှုတွေရင်နဲ့အပြည့်မို့
ခံရခက်ခဲ့လေရဲ့။။
နာရီဆိုတာစက်ဝိုင်းပုံလည်ပတ်ြ
အချိန်တွေကကြီးရာကငယ်
ငယ်ရာကကြီးလို့သွားပေမဲ့
ရင်ထဲကအလွမ်းအဆွေးတွေက
ငယ်ရာကသာကြီးလာပြီး
ကြီးရာကပြန်မငယ်နိုင်တော့ပြီမို့ ။
လွမ်းရသူ့ရင်ထဲ
နှလုံးသားတစ်ခု
ကွဲကြေခဲ့ရပြီမို့
မင်းသိပါလေစ..............ချစ်
2 comments:
ကွဲကြေခဲ့ရတဲ့
နှလုံးသားတစ်ခုအကြောင်းလေးဖတ်ခဲ့ပါပြီဗျာ
ကြေကွဲမှုတွေရင်နဲ့အပြည်
ဖြစ်နေတာလားညီမရေ
Post a Comment